Main menu

“ သုံးခွမြို့နယ်တွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီ အမျိုးမျိုးရောင်းချနေသော ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် စာမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့် (၂/၂၀၂၄)တို့အား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဇူလိုင်လ (၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်များသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့နှင့်စပ်လျဥ်း၍ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိ၊ ရောနှောဆီ (Blended Oil)နှင့်စပ်လျဉ်း၍ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်အမှတ်(၂/၂၀၂၄)နှင့်ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း၊ အမိန့်ညွှန်ကြားချက်နှင့်ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)