Main menu

“ သုံးခွမြို့နယ်တွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးအမျိုးမျိုး ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ရပ်ကွက်များတွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးအမျိုးမျိုး ရောင်းချသည့်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပမှထုတ်လုပ် တင်သွင်း‌သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ ကလေးအသုံးအဆောင်ရောင်းချသောဆိုင်များတွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေရေးသား ဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)