Main menu

“ သုံးခွမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လတ်တလောကာလတွင် ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ဈေးကွက်အတွင်းဈေးဆိုင်များတွင် ဆေးများရောင်းချခြင်း ရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိကို ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများ ပူးပေါင်း အဖွဲ့သည် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးကွက် အတွင်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ သုံးခွမြို့နယ် အတွင်းရှိ စူပါဆေးဆိုင်၊ ဟောင်ကောင်ဆေးဆိုင်၊ အောင်ဆေးဆိုင်တို့တွင် ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း များပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)