Main menu

အုတ်တွင်းမြို့ စားသောက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ တောင်ငူ-ပြည် လမ်းမပေါ်ရှိ Red Star ဆန်စပါးရောင်းဝယ်ရေးနှင့် ရွှေမြှားစားသောက်ကုန်လုပ်ငန်းသို့ရောက်ရှိပြီး ဆန်စပါး ရောင်းဝယ်မှုအခြေအနေများနှင့် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျော်ကြော်များ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများကို ကြည့်ရှုလေ့လာရာ မန်နေဂျာဒေါ်ဝေက သိရှိလိုသည်များကို ရှင်းလင်းပြသပါသည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကြက်သွန်ခင်း ၁ ရပ်ကွက်ရှိ စေတနာ မုန့်ဟင်းခါးခြောက်နှင့် နိုင်မိသားစုဆန်စက်သို့ ရောက်ရှိပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများနှင့် မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများကို လေ့လာရာ ပိုင်ရှင် ဒေါ်ထွေးထွေးက သိလိုသည်များကို ရှင်းလင်းပြသပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ရှင်းလင်းဆွေးနွေးပြီး ရွှေမြှားစားသောက်ကုန် လုပ်ငန်းမှ ထုတ်လုပ်သည့် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျော်ကြော်များ၊ စေတနာ မုန့်ဟင်းခါးခြောက်လုပ်ငန်းမှ ထုတ်လုပ်သည့် မုန့်ဖတ်ခြောက်များ၏ ကုန်အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)