Main menu

“ ကော့မှူးမြို့နယ်တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဥ်း၍ ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်အချက်များ ဖော်ပြထားခြင်းရှိ/မရှိတို့အား ဇူလိုင်လ(၁၁)ရက်နှင့် ဇူလိုင်လ(၁၂)ရက်တို့တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ဗိုလ်ချုပ်လမ်း၊ မကျီကန်ရပ်ကွက်တို့တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံညွှန်း၊ စံချိန်နှင့် ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြပါရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)