Main menu

“ တွံတေးမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကုသမှုဆိုင်ရာ ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လတ်တလောကာလတွင် ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဆေးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါး ပြတ်လပ်မှု ရှိ/မရှိကို ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြားစားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများမရှိစေရေးတို့ကို အလေးထားဆောင်ရွက် လျက်ရှိရာ လတ်တလောဖြစ်ပေါ်လျက်ရှိသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်၍ ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို ဗိုလ်ချုပ်လမ်း၊ ဈေးသစ်ရပ်ကွက်ရှိ ဦးကျော်ဌေးဆေးဆိုင်နှင့် မြင့်မိုရ်ဦးဆေးဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)