Main menu

ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ ၁၆.၇.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇေယျာ‌အောင်သည် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ရွှေမြင့်မိုရ် ဆန်မျိုးစုံရောင်းဝယ်‌ရေးလုပ်ငန်းရှင် ဒေါ်လွမ်းနောနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇေယျာအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်၊ ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း စေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ တာဝန်ရှိမှုအခြေအနေများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်ကိုသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)