Main menu

မြိတ်ခရိုင်တွင် တနင်္သာရီတိုင်းမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များ လာရောက်

Powered by Drupal

    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းဒေသကြီးတရားမဝင်တိုက်ဖျက်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ၊ မြိတ်ခရိုင်ဧည်ရိပ်သာတွင် နိုင်ငံတော်အခွန်ငွေမှန်ကန်စွာရရှိရေးနှင့် တရားမဝင်ကုန်သွယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးမည့်အစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးတရားမဝင်တိုက်ဖျက်ရေးအဖွဲ့များသည် ဒေသတွင် ပုံမှန်လည်ပတ်လျက်ရှိသော စက်ရုံများ၊ ကုန်ပစ္စည်းသိုလှောင်ရုံများ၊ ကုန်စည်သယ်ယူပို့ဆောင်နေသည့်တံတားများ၊ ရာဘာစက်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်သွယ်မှု မရှိစေရေးဆောင်ရွက်နေသည့် အခြေအနေများအား မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)