Main menu

ကျိုက်လတ်မြို့နယ်ရှိ ဆန်ဆိုင်ကြီးများအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များနှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား ဧည့်မထ(၃၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(၅၀၀၀) ကျပ် ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချနေခြင်းများအား  ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ လက်တလော ရောင်းချနေသော ဘောင်ချာများနှင့် ဆန်အမျိုးအစားများကို တိုက်ဆိုင်စစ်ဆေးခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)