Main menu

စားသုံးဆီကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးသည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ညွှန်ကြားချက်အမှတ်၁/၂၀၂၁အား သိရှိလိုက်နာဆောင်ရွက်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

               အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၁) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့်အချက်(၈)ချက်ပါရှိကြောင်း၊ စားသုံးဆီအမျိုးအမျိုးသည် ကုန်စည်အုပ်စု(က) တွင်ပါဝင်ပြီး ဈေးကွက်အတွင်းရှိ ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil) ဟုဖော်ပြရောင်းချခြင်းသည် ကုန်စည်တစ်ခု၏အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံဖော်ပြထားခြင်းမရှိသောကြောင့် ယေဘုယျဆန်သည့်အမည်ဖြစ်ကြောင်း ၂၀.၁.၂၀၂၂ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ စားသုံးဆီအမျိုးမျိုးကို ပင်ရင်းပါဝင်ပစ္စည်းများအခြေခံသော ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှစ၍ (၆)လပြည့်မြောက်သည့် ကာလတွင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်ကိုက်ညီမှု ရှိ မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)