စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၇.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားများအသင်းသို့ အများပြည်သူမိဘများအား ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းခဲ့ပါသည်။ ပခုက္ကူဆန်ကုန်သည်ကြီးများအသင်းမှ ဧည့်မထအုပ်စုဖြစ်သော ရက်(၉၀)ဆန်များကို လူတစ်ဦးလျှင် (၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၈၀) မှ (၄၀၀)ထိအား ကျပ်(၃၀၀၀) နှုန်းဖြင့် ဆန်အိတ်ရေ အလုံး(၈၀)မှ(၁၀၀)ထိ ဇူလိုင်လ(ပထမပတ်)မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း နေ့လယ်(၁၃:၀၀)နာရီ မှ (၁၇:၀၀)နာရီထိ ရောင်းချပေးလျက်ရှိကြောင်း ဆန်ကုန်သည်ကြီးများအသင်းမှ သိရှိရပါသည်။
DOCA(မကွေး)