Main menu

မရွေးမုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေး

Powered by Drupal

            ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၁၄.၃.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်ရှိမရွေးမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)က စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုစပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ် တာဝန် ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ မရွေးမုန့်သည် ကုန်စည်အုပ်စု(က)တွင်ပါဝင်ပြီး အသင့်စားမုန့် အမျိုးအမျိုးအုပ်စုတွင်ပါဝင်သည့်အတွက် ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိမရှိကို စားသုံးသူ‌ရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး “ကုန်စည်လုံခြုံစိတ်ချ ရမှုအစ၊ ကုန်အညွှန်းအမှတ်အသားက” လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)