Main menu

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

     အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့်အဓိကဆောင်ရွက်သော လုပ်ငန်းစဉ်အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှု အားလုံးကို ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့်ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော  သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်း သည့် အချက်အလက်များကို စားသုံး သူအား ထင်ရှားစွာ ဖော်ပြ၍အသိပေးရမည်။ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရသည့်အာမခံချက်များတွင် အချက်(၇) ချက်  ကိုလိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ အပေါ် စိတ်ကျေနပ်မှုရှိစေရန် ဖော်ပြရမည့်အချက် (၅)ချက်ကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး./ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှုးရုံးတွေမှာ ဖွင့်လှစ်ထားသော(CICC) စားသုံးသူသတင်းပြန့်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးစင်တာ၊Online မှတစ်ဆင့်တိုင်ကြားလိုသည့် ပြည်သူများအနေဖြင့် www.doca,gov,mn website တို့မှာပါတဲ့ Consumer Complaint System ရဲ့ တိုင်ကြားလွှာပုံစံမှာ အချက်အလက် တွေဖြည့်သွင်းပြီးတော့ တိုင်ကြားနိုင်သလို MPT, Mytel, Atom, Ooredoo ဖုန်းဆင်းကဒ်အသုံးပြုသူအနေနဲ့ Consumer Center (၁၅၃၅) သို့ တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် စားသုံးသူမိဘပြည်သူတွေနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါက ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ အမြဲတမ်းကူညီဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)