၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြိတ်မြို့၊ ကမ်းနားလမ်း၊ သာကေတရပ်ရှိ Myeik Shopping Center နှင့် PELAGO Shopping Center သို့သွားရောက်၍ ကော်ဖီမစ်ထုပ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကော်ဖီမစ်ထုပ်များကို ကုန်အညွှန်းအမှတ်အသားပါရှိစေရေး အဓိကထား စစ်ဆေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်သော ထုတ်ကုန်များရောင်းချရန်နှင့် သက်တမ်းလွန်ထုတ်ကုန်များမရှိစေရေးသတိပြုရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)