Main menu

ဒေသတွင်း MSMEs လုပ်ငန်းရှင်များအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များထံ သွားရောက်ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်၏ ဖြစ်ပေါ်နေသော အခြေအနေ၊ အခက်အခဲနှင့် လိုအပ်ချက်များအား စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

    (၂၃.၇.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်ရှိ “အေးချမ်းမိုး” အမှတ်တံဆိပ် ကုလားပဲချောင်း၊ မုန့်လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ အခက်အခဲများ၊ လိုအပ်ချက်များအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

      “အေးချမ်းမိုး”အမှတ်တံဆိပ် ကုလားပဲချောင်းမုန့်လုပ်ငန်းတွင် လုပ်သား ကျား(၇)ဦး၊ မ(၁၅)ဦး ရှိပြီး တစ်နေ့လျှင် အမျိုးသားတစ်ဦး လုပ်သားခ ကျပ်(၇၀၀၀-၁၀၀၀၀)နှင့် အမျိုးသမီးတစ်ဦး လုပ်သားခ ကျပ်(၄၅၀၀-၅၀၀၀)ပေးချေရကြောင်း၊ တစ်နေ့လျှင် ပဲချောင်း(၁၅၀-၂၀၀)ပိဿာ ထုတ်လုပ်ရကြောင်း၊ ကုလားပဲချောင်း တစ်ထုပ် (၄)ကျပ်သား၊ (၅)တွဲ တစ်ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချကြောင်း၊ ထွက်ရှိသော ကုလားပဲ‌ချောင်းများအား မကွေးမြို့နယ်တွင်သာမက နီးစပ်ရာဒေသများဖြစ်သည့် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ လယ်ကိုင်း၊ ရေနံချောင်း၊ မြို့သစ်၊ အောင်လံနှင့် သရက်မြို့များထိ ဖြန့်ချိလျက်ရှိပြီး ယခင်ကလုပ်ငန်းလုပ်ကိုင်ရန် အဓိကလိုအပ်သည့် စားအုန်းဆီ အခက်အခဲရှိသော်လည်း ယခုအခါ စားသုံးသူရေးရာဦးစီးဌာန၏ ကူညီချိတ်ဆက်မှုဖြင့် လစဉ်လုပ်ငန်းသုံးစားအုန်းဆီများ ခွဲတမ်းရရှိနေသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိပြီး နီးစပ်ရာရပ်ကွက်များရှိ လုပ်သားများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)