Main menu

ရွှေဘိုခရိုင် (၇/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ် ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၅) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ စလေဘီ(လုပ်ငန်း)အားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဆန်ရွေးစက်လုပ်ငန်းအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းယာပစ္စည်းနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ (၂)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းအားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)