Main menu

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချခြင်း

Powered by Drupal

     ၂၃.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ရှိ အဆောင်နေဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

     ထိုသို့ ဆောင်ရွက်ရာတွင် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ရောင်းချရန် နေရာသို့အချိန်မီရောက်ရှိစေရေး၊ ရောင်းချမည့်ပစ္စည်းများလုံလောက်မှုရှိစေရေး၊ သက်သာသောဈေးနှုန်းဖြစ်စေရေး၊ ဝယ်ယူသူများမှ စနစ်တကျဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ပေါ်ဆန်း ဆန်တစ်ပြည် (၅၂၀၀) ကျပ်၊ ဧည့်မထ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၆၀၈၅) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ရေချိုငါးမုတ် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၄၀၀) ကျပ်၊ ပန်းဂေါ်ဖီ တစ်ဖူးလျှင် (၁၃၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဗိုလ်စားပဲ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ရောင်းချခြင်းကို လစဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မွန်)