Main menu

ပွင့်ဖြူမြို့နယ်ရှိ တပိုင်တနိုင် စီးပွားဖြစ် "လာဘ်ပွင့်" အမှတ်တံဆိပ် အီလည်လည်မုန့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ တာဝန်ခံဒေါ်အေးအေးခိုင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၄.၇.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ထုတ်လုပ်ရောင်းချသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြမှုရှိ/မရှိနှင့် ခွဲတမ်းဖြင့်ရရှိထားသော စားအုန်းဆီများ အမှန်တကယ် သုံးစွဲခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ "လာဘ်ပွင့်" အမှတ်တံဆိပ်ဖြင့် အီလည်လည်ပေါင်မုန့်ဆီကြော် ထုတ်လုပ်ရောင်းချနေသော မုန့်လုပ်ငန်းရှင် ဦးသန်းထိုက်ဦးနှင့် တွေ့ဆုံ၍ မုန့်လုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

      လုပ်ငန်းရှင်မှပြောကြားရာတွင် ပထမဦးစွာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆားနှင့် ပေါင်ဒါမှုန့် အနည်းငယ်ကို စက်ဖြင့် သမအောင်မွှေထားပြီး မိနစ်(၂၀)ခန့် နှပ်ထားရပါကြောင်း၊ ထို့နောက် လက်ဖြင့် အလုံးပုံစံဖြတ်၍ ဆီပူပူတွင် ကြော်လိုက်ပါက အသင့်စားသုံးနိုင်သည့် မုန့်အဖြစ်ရရှိပြီဖြစ်ပါကြောင်း၊ တစ်နေ့လျှင် ကုန်ကြမ်း ဂျုံ(၃၀)ပိဿာအသုံးပြုရပြီး ကုန်ချောအဖြစ် အီလည်လည်ပေါင်မုန့် ဆီကြော် (၆)လုံးလျှင် (၁)ထုပ်၊ အထုပ်ရေ (၁၈၀၀) ရရှိပါကြောင်း၊ ဆီအသုံးပြုရာတွင် အဓိကအားဖြင့် စားအုန်းဆီကို အသုံးပြုပါကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ပွင့်ဖြူ၊ စလင်း၊ မင်းဘူးမြို့များသို့ အဓိကထားရောင်းချပါကြောင်း သိရှိရပါသည်။ ဌာနမှလည်း စားသောက်ကုန်လုပ်ငန်း‌ လုပ်ကိုင်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အမှတ်တံဆိပ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြရမည့် အချက်များကို အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)