Main menu

ဖျာပုံမြို့နယ် အမာမြို့တွင် ဓနိဖူးခြောက်လုပ်ငန်းရှင်များအားအသိပညာပေးဟောပြော

Powered by Drupal

           ဓနိပင်သည် မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတမ်းနှင့်မြစ်ကမ်းရိုးတို့တွင် ပေါက်ရောက်သောအပင်ဖြစ်ပါသည်။ အထူးသဖြင့် ပဲခူးမြစ်ကမ်းဘေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဓနိများထွက်ရှိပြီး ယခုအခါ ဓနိဖူးခြောက်လုပ်ငန်းသည် တွင်တွင်ကျယ်ကျယ်ဖြစ်လာကာ ဈေးကွက်အတွင်း ဓနိဖူးခြောက်(ရေနွေးကြမ်း)သည် အရောင်းသွက်နေသဖြင့် ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးတို့နှင့်အတူ ဓနိဖူးခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် ဖျာပုံမြို့နယ် အမာမြို့သို့ မတ်လ(၁၀)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီတွင်အမာ မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(က)(ခ)(ဇ)နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြနိုင်ရေးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက  ဓနိဖူးခြောက်လုပ်ငန်းသည် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်၍ ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့လည်း တင်ပို့နိုင်ရန် အားထုတ်ဖို့းလိုကြောင်း၊ ထုပ်ပိုးမှု ကအစ သက်ဆိုင်ရာဌာနများမှလည်း ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ဓနိဖူးခြောက်မှ အလှကုန်ပစ္စည်းများ ထုတ်လုပ်နေသည့်အပြင် စားသောက်ကုန်များကိုလည်း ထုတ်လုပ်သွားမည်ကို ကြားသိရပါကြောင်း၊ ဓနိဖူးခြောက်(ရေနွေးကြမ်း)ရေကို သောက်သုံးခြင်းဖြင့် သွေးတိုး၊ ဆီချို ဖြစ်နေသူများအား ဆက်လက်မဖြစ်စေရန် ထိန်းထားပေးနိုင်ပါကြောင်း၊ ထို့ပြင် ကြက်သွန်ဖြူ၊ ရဲယို၊ သစ်သီးနှင့်  ဂျင်စင်းတို့ထက် လူ၌လိုအပ်သော ဗီတာမင်နှင့် ရောဂါခုခံကာကွယ်မှု အာနိသင်များ ပါဝင်ပြီး ဘေးထွက်ဆိုကျိုးမရှိကြောင်း၊ ဓါတ်ခွဲစမ်းသပ်မှုအရ ကြားသိရပါကြောင်း၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဟောပြောဆွေးနွေးပါသည်။

          ထိုနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လုပ်ငန်းမှတ်တင်ဆိုင်ရာများအသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာများ၊ထုတ်ကုန်များဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာများအား အသိပညာပေးဟောပြောဆွေးနွေးပါသည်။

          အဆိုပါဟောပြောပွဲသို့ဓနိဖူးခြောက်လုပ်ငန်းရှင်များနှင့် အလုပ်သမား(၁၃)ဦးခန့် တက်ရောက်ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)