Main menu

“စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်း အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

     ၂၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးဥပဒေတားမြစ်ချက်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show" အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က "Talk Show" ဆွေးနွေးပွဲ အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံမှလည်း စားသုံးသူကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၂ ၊ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာအကြောင်း အရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)