Main menu

မုဒုံမြို့နယ် မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့် အမျိုးမျိုးအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၃.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်းမရှိကြောင်း သိရှိရသည်။

DOCA(မွန်)