Main menu

သထုံမြို့နယ်၌ ဆန်များ သင့်တင့်မျှတသော‌ဈေးနှုန်းဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များအပါအဝင် ဆန်အရောင်းဆိုင်များ၌ ဆန်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ဈေးနှုန်း တည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၂၃.၇.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များ၊ မြို့မဈေးနှင့် ရပ်ကွက်အသီးသီးတို့ရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိ ကိုစစ်ဆေးပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)