Main menu

ဖျာပုံခရိုင် ပြန်/ဆက်ရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

          ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချြခင်း အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က အလှကုန်၊ ဆေးဝါး၊ လူသုံးကုန်၊ လူအသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည် ဆိုပါက မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊  မှတ်ပုံတင်အမျိုးအစား (၂) မျိုးရှိပြီး ၊ မှတ်ပုံတင်မည်ဆိုပါက  စားသုံးသူရေးရာဦးစီးဌာနမှ ကုန်သွယ်ရေးဦးစီးဌာနသို့ လွှဲပြောင်းမှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး www.ecomreg.gov.mm website မှလည်း မှတ်ပုံတင်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုန်စည်များကို မှတ်ပုံတင်ဆောင်ရွက်ထားပြီး ရောင်းချမည်ဆိုပါက ယုံကြည်မှု၊ အာမခံချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပြီး ဈေးကွက်ပိုမိုကျယ်ပြန့် ချဲ့ထွင်နိုင်မည်ဖြစ်သည်။ စားသုံးသူများအနေဖြင့် ပိုမိုယုံကြည်စိတ်ချစွာ သုံးစွဲလာမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးအနေဖြင့်လည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက ကုန်သွယ်ရေးဦးစီးဌာနသို့ အသိပေးပြီး ကုန်သွယ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်သဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ထားရန် လိုကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)