Main menu

နေပြည်တော် ရုံးချုပ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်နိုင်ရေး ဆွေးနွေး

Powered by Drupal

    နေပြည်တော်ရုံးချုပ်တွင် ဇူလိုင်လ (၂၂) ရက်နေ့ ၊ ဒုတိယဝန်ကြီးဦးဆောင်၍ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးထွက်ရှိမည့် စပါးများအတွက် အခြေခံစပါးဈေးနှုန်း သတ်မှတ်ထုတ်ပြန်နိုင်ရေး အဆိုပြုတင်ပြဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဦးစီးမှူးနှင့် ဧရာဝတီမှ တောင်သူလယ်သမားကိုယ်စားလှယ်တို့ Virtual Meeting စနစ်ဖြင့် တက်ရောက်လာခဲ့ပါသည်။

    ယခုလာမည့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ထွက်ရှိမည့် စပါးများအတွက် အခြေခံစပါး ဈေးနှုန်းသတ်မှတ်ရာတွင် ယခင်နှစ်နှင့်ယခုနှစ် စပါး/ဆန် ဈေးနှုန်းများ ကာလတူ နှိုင်းယှဉ်မှု ယခင်နှင့်ယခု တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် အထွက်တင်းတို့ကို ခန့်မှန်းတွက်ချက်ပြီး လယ်ကွက်ငယ်တောင်သူများ လုပ်ငန်းခွင်ရပ်နားသည့်ကာလတွင် နေထိုင်စားသောက်စရိတ် တို့ကို တွက်ဆပြီး တောင်သူများ နစ်နာမှုမရှိသည့် ဈေးနှုန်းကို သတ်မှတ်ရန်လိုအပ်၍ စားသုံးသူ ပြည်သူများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးနှင့် နိုင်ငံတကာပေါက်ဈေးနှုန်းများထက် ကျော်လွန်မှုမရှိစေရေး အခြေခံစားကုန်များ ဈေးနှုန်းမြှင့်တက်မှုအပေါ် ချင့်ချိန်၍ ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် ထပ်ဆောင်း၍ သက်သာသည့်နှုန်းထားများ သတ်မှတ်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)