Main menu

“စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ Talk Show” ဆွေးနွေးပွဲကျင်းပ

Powered by Drupal

      ၂၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်း (ဦးစီးအရာရှိ)မှ “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေ၏  အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သည့် ပုဒ်မ(၆၂)၊ (၆၃)၊ (၆၄)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈) တို့ကို ဖောက်ဖက်ကျူးလွန်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)