
၂၄.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သထုံမြို့နယ် အ.မ.က(ပရိုကိုး) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)