![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30.5_4.jpg?itok=KwDeUXjo)
၂၄.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းရှင်များအား အအေးခန်း ဝန်ဆောင်မှုပေးသည့်အခြေအနေ၊ သိုလှောင်မှုအခြေအနေ၊ ကြုံတွေ့ရသောအခက်အခဲများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်များက ယခုလက်ရှိအချိန်တွင် အအေးခန်း၌ ငရုတ်သီးခြောက်၊ ငါးခြောက်၊ မန်ကျည်းမှည့်များကို သိုလှောင်ထားရှိကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၄) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယခုအခါ အအေးခန်း၌ ကုန်ပစ္စည်းသိုလှောင်သည့်ဖောက်သည်များပြားလာခြင်းကြောင့် အအေးခန်းများကိုတိုးချဲ့ရန် လိုအပ်လာကြောင်း၊ ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆိုလာစနစ်တပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)