Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

     ၂၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာရှိ “ဟင်္သာသံ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

     ထိုသို့ တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက စက်လည်ပတ်မှုအခြေအနေ၊ တစ်နေ့ကြိတ်ခွဲမှု၊ ကုန်ကြမ်းစုဆောင်းမှု၊ ကုန်ချောဖြန့်ဖြူးမှု အခြေအနေများကို ဆွေးနွေးမေးမြန်းရာ “ဟင်္သာသံ” ဆန်စက်ပိုင်ရှင်က ဆန်စက်ကြိတ်ခွဲနိုင်မှုမှာ ၂၄ နာရီ ၅၀ တန်ကျပြီး အမှန်တကယ်လည်ပတ်မှုမှာ တစ်နေ့လျှင် (၁၀) နာရီခန့် လည်ပတ်ကြောင်း၊ ကုန်ကြမ်းများကို ချောင်းဆုံမြို့နယ်အတွင်းမှ ဝယ်ယူရရှိကြောင်း၊ ဧည့်မထဆန်နှင့် ပေါ်ဆန်းဆန်ကို အဓိက ကြိတ်ခွဲကြောင်း၊ ကုန်ချောများကို ချောင်းဆုံမြို့ပေါ်တွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ချောင်းဆုံမြို့နယ်တာဝန်ခံက ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆန်/စပါးသိုလှောင်ရုံများအနေဖြင့် စပါးတင်း ၅၀၀၀/ ဆန်တန်ချိန် ၅၀ နှင့်အထက်ဖြစ်ပါက Myanmar Rice Online (MyRo) တွင်မဖြစ်မနေ မှတ်ပုံတင်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)