Main menu

မြိတ်မြို့တွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်၊ ချမ်းအေးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် သင်တန်းတက်ရောက်သူများထဲမှ လူငါးဦးကို ရွေးချယ်ကာ အလုပ်လုပ်ကိုင်မည့် စက်ပစ္စည်းထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းသစ်ဖြစ်ပေါ်လာစေရေး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူ၊ သင်တန်းသား (၄၀)ဦးခန့် တက်‌ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)