Main menu

သရက်မြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းသည် (၂၆-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့၊ ထုံးတောင်အုပ်စုရှိ သရက်တောရပ်ကွက်နှင့် နှင်းဆီမြိုင်ရပ်ကွက်အတွင်းနေထိုင်ကြသော စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအား ဆန်အိတ် စုစုပေါင်း(၁၅)အိတ်ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မိမိတို့၏စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် သရက်မြို့ပေါ်တွင် အဋ္ဌမအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)