![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1.2_5.jpg?itok=KOVlQ0cd)
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံး၌ ၃၀.၇.၂၀၂၄ ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင် မှော်ဘီမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များအား ကုမ္ပဏီနှင့် ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးဟောပြောခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မှော်ဘီမြို့နယ်ခွဲရုံးက ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး Aung Oo Thar Co.,Ltd လက်အောက်ရှိ စားအုန်းဆီ ကိုယ်စားလှယ်ဦးဇေက စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ်အမှန်တကယ် ရောက်ရှိအောင် ရောင်းချပေးရန်နှင့် ရောင်းချခြင်းမရှိသော ဆိုင်များကို ဖြန့်ဖြူးရောင်းချခွင့် ပယ်ဖျက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဒေါ်ဖြူဖြူမြင့်က စားအုန်းဆီနှင့်ပတ်သက်၍ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိမ်းဆည်းသိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)