Main menu

ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်အားစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့စု၊ မူးယစ်ရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီအရောင်းဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်းအသုံးပြုသည့် အက်စစ်များအား သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများရှိ/မရှိ သွားရောက်စစ်ဆေးခြင်းနှင့် တရားမဝင်တင်သွင်းသိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)