Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) ရည်ညွှန်းဈေးမှ ရရှိသော စားသုံးဆီများကို မြေပြင်တွင် မှန်မှန်ကန်ကန် ရောင်းချစေရေးနှင့် စားသုံးဆီရောင်းချနေသော ကိုယ်စားလှယ် လက်လီ/ လက်ကား အရောင်းဆိုင်များ ခေါ်ယူဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၍ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ ဈေးကွက်အတွင်း လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား ပြန်လည်ရောင်းချရာ၌ မှန်မှန်ကန်ကန် ရောင်းချစေရေး၊ လက်ကားရောင်းချနေသူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချ သွားရန်၊ လက်လီဈေးများအတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးရန်နှင့် ရောင်းချခြင်းမရှိသောဆိုင်များကို ဖြန့်ဖြူး ရောင်းချခွင့် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီနှင့်ပတ်သက်၍ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိမ်းဆည်းသိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)