Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဇူလိုင်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း လုပ်ငန်းရှင်ပေါင်း (၄၄)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၁၃၈) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၃၄၇) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်နှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ ပဲတီစိမ်း၊ ပဲလွန်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ စားအုန်းဆီ၊ ဖွဲနု၊ နှမ်းညို၊ ဂျင်းခြောက်၊ နှမ်းရွက်မှုန့်၊ ပဲစာဥစသည်တို့၏ ရူပနှင့် ဓာတုအရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၇၉) ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၈) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၄၃)ခု၊ သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၁၄)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၃)ခု  စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၃၄၇) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။