Main menu

အွန်လိုင်းမှရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

        ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဟောပြောဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့် လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)