Main menu

ပလတ်စတစ်အိပ် သုံးစွဲမှု လျော့ချရေး လုပ်ငန်းစီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

    ဧရာဝတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မင်္ဂလာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ  သဘာဝပတ်ဝန်းကျင်  ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက (၁.၈.၂၀၂၄)ရက်နေ့ နံနက်(:၀၀)နာ​ရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့ကော်မတီဝင်များ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းအဖွဲ့များ ပါဝင်သောအဖွဲ့များလိုက်ပါ၍ မီးသတ်ဦးစီးဌာနမှ မိုးရာသီလျှပ်စစ်မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာများ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေးစားသုံးသူရေးရာဦးစီးဌာနမှ အခြေခံစားသောက်ကုန်ဖြစ်သော အသားငါး၊ သစ်သီးဝလံစျေးနှုန်းများ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိနှင့် အလေးချိန်၊ ပိဿာချိန်တွယ်မှုပြည့်ဝစွာ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေး အပါအဝင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိညာပေးခဲ့ကြောင်း သိရသည်။

     ထိုသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စစ်ဆေးရာတွင်  မအူပင်မင်္ဂလာစျေးကြီးအဝင် ဆိုင်းပုတ်ရှေ့နှင့် စျေးအတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်း နှင့် အသီးအရွက်ရောင်းချသည့် စျေးဆိုင်ခန်းများ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်၊ ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များအစား ထုပ်ပိုးရာတွင် လွယ်သူစေသည့်ကြာဖက် ငှက်ပျောဖက်များကို အသုံးပြုကြရန်နှင့် ပလတ်စတစ်အိတ် အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန်ဟောပြောခြင်း၊ အခြေခံစားသောက်ကုန်ဖြစ်သော အသားငါးများ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရန် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ပြုလုပ်ရန်၊ အလေးချိန်မှန် ကန်စွာရောင်းချပြီး  စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိစေရေးတို့ကိုလည်းကောင်း၊ ကုန်စည် တန်ဖိုးနှင့်အညီအမျှကို စားသုံးသူမှ ပေးချေဝယ်ယူသည့်အတွက် ရောင်းချသူများမှလည်း အလေးချိန်အတွယ်ပြည့်ဝစွာ ရောင်းချပေးရန်၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း၊ တိုင်ကြားနိုင်ပြီး  စည်ပင်သာယာဈေး စည်းမျဉ်း ဥပဒေများ၊ စားသုံးသူကာကွယ်ရေးဥပဒေများအရ အရေးယူဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း   သိရှိရသည်။

DOCA(ဧရာဝတီ)