Main menu

အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်းစဉ်များအကြောင်း သတင်းနည်းပညာဌာနမှ အသိပညာပေး ရှင်းလင်းဆွေးနွေးပို့ချ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (ONLINE SALES) လုပ်ငန်းမှတ်ပုံတင်နိုင်ရေးနှင့် စပ်လျဉ်း၍ ၂၀၂၄ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ဧရာဝတီတိုင်းလက်အောက်ရှိ ခရိုင်အသီးသီးဖြစ်သော ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်မှ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ရုံးဝန်ထမ်းများအား zoom meeting ဖြင့် အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့သည်။

     အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (ONLINE SALES) လုပ်ငန်းမှတ်ပုံတင်နိုင်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းပွဲတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း၊ အွန်လိုင်းမှာ မှန်သမျှရောင်းဝယ်နေသော လုပ်ငန်းမှန်သမျှကို ပုဒ်မ (၅၀)အရ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ပုဒ်မ (၅၁)အရ အွန်လိုင်းအရေးကြီးကုန်စည်ဥပဒေနဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေနဲ့ အွန်လိုင်းမှာရောင်းချနေသော လုပ်ငန်းများ ဥပဒေကြောင်းအရ ဘယ်လိုဆက်စပ်နေကြောင်းကို အကျယ်တဝင့် ထပ်မံသင်တန်းပေး ရှင်းလင်းဆွေးနွေးပေးမှာဖြစ်ကြောင်း၊ လတ်တလောအခြေအနေအရ အွန်လိုင်းနှင့် မှတ်ပုံတင်မည်ဆို လုပ်ငန်းရှင်များကို မည်သို့လျှောက်ထားနိုင်သည့် လုပ်ငန်းစဉ်ကို သိရှိနားလည်ထားရန် မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ ခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ စစ်ဆေးရေးမှူးများ၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲမှ ဝန်ထမ်းများ သိရှိနားလည်ထားရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လျှောက်ထားပုံကို သတင်းနည်းပညာဌာနခွဲမှ ဒေါ်ယွန်းပပအောင်က ရှင်းလင်းဆွေးနွေးပေးမှာဖြစ်ပြီး မရှင်းလင်းသည့် ကိစ္စရပ်များရှိပါက မေးမြန်းနိုင်ကြောင်း အမှာစကားပြောကြားခဲ့သည်။

          ဆက်လက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (ONLINE SALES) လုပ်ငန်း မှတ်ပုံတင်နိုင်ရေးလုပ်ငန်း လျှောက်ထားပုံကို တိုင်းဒေသကြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ယွန်းပပအောင်က Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  ခရိုင်အသီးသီးမှ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းကြကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန် မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးသော ပွဲများ၊ Talk showပွဲများတွင် လုပ်ငန်းရှင်များသိရှိနိုင်ရန် ထည့်သွင်းဟော ပြောဆွေးနွေးပေးပါရန်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မအူပင်ခရိုင်ရုံးမှ ဝန်ထမ်း(၉)ဦး မြို့နယ်များမှ ဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၄)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)