![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.12_1.jpg?itok=nHJVvXx0)
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မအူပင်မြို့နယ် ဆန်စပါးကုန်သည်များအသင်းနှင့် မအူပင်မြို့နယ်ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဆောင်ရွက်၍ မအူပင်နယ်မြေမီးသတ်စခန်း ရုံးအရှေ့ကမ်းနားလမ်း၊အမှတ် (၁)ရပ်ကွက်တွင် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်များကို နေ့စဉ်တနင်္ဂနွေနေ့မှလွဲ၍ ဇွန်လဆန်းပိုင်း (၁၂)ရက် မှစ၍ ယခုလ (၁.၈.၂၀၂၄)ရက်နေ့တွင်လည်း နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်၊ မအူပင်မြို့ နယ်မြေမီးသတ်စခန်း ရုံးအရှေ့၊ အခွန်လွတ်ဈေးနှင့် မင်္ဂလာဈေးရုံအနီးတွင် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မအူပင်မြို့နယ်ဆန်စပါးကုန်သည် များအသင်းနှင့် မအူပင်မြို့နယ်ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဆောင်ရွက်၍ တနင်္ဂနွေမှလွဲ၍ ကျန်သောရက်များကို နေ့စဉ် စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀) ဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ရန် ဈေးသွားဈေးလာနှင့် ကျေးရွာမှ ဈေးဝယ်လာသူပြည်သူများကို နေ့စဉ်ရောင်းချပေးလျက်ရှိပြီး ဇွန်လ(၁၂)ရက်နေ့မှ စတင်ရောင်းချလာရာ ယခုအပတ် (၁.၈.၂၀၂၄) ရက်နေ့အထိ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ပေါ်ဆန်းဆန်နှင့် အခြားသောဆန်များကိုလည်း ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လိုအပ်သောအချိန်၌ တန်းစီရန်မလိုပဲ သွားရောက်ဝယ်ယူနိုင်ကြောင်း စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆန်ဆိုင်များတွင်လည်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)