![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.5_7.jpg?itok=TZgj8HbO)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေး၊ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မကွေး၊ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၉)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မကွေးမြို့နယ် (၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၂)ကြိမ်၊ မြို့သစ်မြို့နယ် (၃)ကြိမ်၊ နတ်မောက်မြို့နယ် (၂) ကြိမ်၊ ချောက်မြို့နယ် (၄)ကြိမ်၊ ရေနံချောင်းမြို့နယ် (၃)ကြိမ်၊ စုစုပေါင်း(၁၉)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)