![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.15_3.jpg?itok=lj6Cby6h)
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်ဦးစီးမှူး ဦးဆောင် သော အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့ ၊ အင်္ဂါနေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် တောင်ကြီးမြို့၊ ပင်းပက်ရှိ ရှမ်းရိုးမဘိလပ်မြေစက်ရုံတွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါ သည်။
ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော စားသုံးသူများရရှိနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ရပ်ကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ စိစစ်ရွေးချယ်ဝယ်ယူရန် လိုအပ်ကြောင်း၊စားသုံးသူထိခိုက်နစ်နာမှုများရှိပါက သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါ သည်။ဟောပြောပွဲသို့ တက်ရောက်လာသူ သင်တန်းသား/သူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်နယ်ဦးစီးမှုး ဦးရွှေဖြူက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ပါ သည်။
ထို့ပြင် ပြည်နယ်ဦးစီးမှုး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များကို စက်ရုံမှူးအား ပေးအပ်ခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲကို နံနက်(၁၁:၁၅) နာရီ တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)