Main menu

ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကျင်းပခြင်း

Powered by Drupal

    ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေးကို (၃၀.၇.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ခွင့်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ(မြောက်ပိုင်း) ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Onlineဖြင့် တက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္က၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက  ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်းအခြေအနေများနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ စည်ပင်သာယာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှလည်း ကုန်ဈေးနှုန်းများနဲ့ ပတ်သက်သောဌာန၏လုပ်ဆောင်ချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

   ဆွေးနွေးတင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ခွဲဝန်ကြီးများ၊ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ(၁၅:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)