![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.19_0.jpg?itok=b65vALMr)
စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်အား စက်သုံးဆီအချင်အတွယ် ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွန်းစျေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသည် ဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းရောင်းချမှုရှိကာ စက်သုံးဆီလက်ကျန်အနေနှင့် လုံလောက်စွာသိုလှောင်ထားရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနများမှ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေး ကို အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ရည်ညွှန်းစျေးအတွင်းသာ ရောင်းချရန်မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)