Main menu

ဂန့်ဂေါမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာဟောပြောပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တာဝန်ထမ်း ဆောင်နေသော ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးပြည်သူများအနေဖြင့် စားသုံးကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများကို သိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို)ဝန်ဆောင်မှုများ ဝယ်ယူ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများမရှိစေရေးတို့ကို သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်သားဆိုင်ရာ သတ်မှတ်ချက်များအား သိရှိပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စာသုံးပြည်သူများအား အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒေါ်ဇာဇာချိုဦး ဒုတိယဦးစီးမှူးသည် (၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပုံညာ)ခန်းမ၌ ဦးစီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းမှတ်သားဆိုင်ရာ အချက် (၈)ချက်နှင့် ဓာတုဆိုးဆေးအန္တရာယ်အကြောင်းတို့ကို အသေးစိတ်ရှင်လင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ဂန့်ဂေါမြို့အခြေခံအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ(၇)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၁၁)ဦး၊ စုစုပေါင်း(၁၁၈)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)