![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.8_6.jpg?itok=Sbw9NXO3)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ဆန်ကုန်သည်ကြီးများမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုအား ပခုက္ကူကုန်သည်ပွဲစားများအသင်းသို့ သွားရောက်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ဆန်ကုန်သည်ကြီးများအသင်းမှ အလှည့်ကျကုန်သည်များသည် ရွှေဘိုရက်(၉၀) ဆန်အိတ်ရေ(၆၅) အိတ်အား ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)ဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနေပြီး လူတစ်ဦးလျှင် (၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၂၅)ဦးအား ရောင်းချပေးမှုကို ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဆန်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)