Main menu

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ကျန်းမာရေးအထောက်အကူ ပြုဆေးဝါး ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ပတ်သက်၍ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ တရားမဝင်အတုအပနှင့် အရည် အသွေးနိမ့်ပစ္စည်းများ ရောင်းချမှုမရှိစေရေးရည်ရွယ်၍ (၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်(၇)ဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည့် တရားမဝင်ဆေးဝါးများ စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များ၊ ဆေးဝါးများရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားနှင့် ပြည့်စုံစွာပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်တမ်းကုန်လွန်သည့် ဆေးဝါးများနှင့် စပ်ဆေးထုပ်များ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ‌ဆေးဆိုင်များတွင် ဆေးနှင့် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)