Main menu

မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူနှင့် ဝန်ထမ်းမိသားစုများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မအူပင်မြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ၂၀၂၄ခုနှစ် ဇွန်လမှစ၍  (၆.၈.၂၀၂၄)နေ့ ၊နေ့လယ် (၁၃:၀၀) နာရီက အလှည့်ကျ နေစဉ်လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ထိုသို့စားသုံးဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာကို ၅၇၆၅ ကျပ်ဖြင့် ခရိုင်နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်သည်။ ယခုရောင်းချပေးရာတွင် ဇွန်လပိုင်းမှစ၍ ယနေ့အချိန်အထိ တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် ပြည်သူနှင့် ဝန်ထမ်းမိသားစုများကို စားသုံးဆီဝယ်ယူမှု ပြတ်လပ်မှုမရှိစေရေးအတွက် အလှည့်ကျစနစ်ဖြင့်ရောင်းချပေးနေပြီး နေ့စဉ်ရောင်းချပေးသော စာရင်းများကိုလည်း ဆီရောင်းချသူကိုယ်စားလှယ်မှ သက်ဆိုင်ရာကုမ္ပဏီသို့ နေ့စဉ်ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး၊ စားအုန်းဆီများရောင်းချရာတွင် မအူပင်တက္ကသိုလ်နယ်မြေတွင်လည်ကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင်လည်းကောင်း၊ မအူပင်နည်းပညာတက္ကသိုလ်နယ်မြေတွင်လည်းကောင်း၊ မအူပင် ခရိုင်ပညာ ရေးမှူး ရုံးဝန်းတွင်လည်းကောင်း ၊ မအူပင်ကွန်ပြူတာတက္ကသိုလ်ဝန်းတွင်လည်းကောင်း၊ မအူပင်ရပ်ကွက်အသီးသီးတွင် ရပ်ကွက်အလိုက်လည်းကောင်း၊ နယ်မြေကျေးရွာများသို့ အလှည့်ကျရောင်းချပေးနေကြောင်းကို မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီကိုယ်စားလှယ်တစ်ဦးပြောကြားချက်အရ သိရပြီး၊ စားသုံးသူပြည်သူတစ်ဦးမှလည်း သက်သာသောဈေးဖြင့် ဝယ်ယူသုံးစွဲရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း  ပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)