Main menu

တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ လစဉ် Zoom Applicationဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် ၈/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၅.၈.၂၀၂၄ ရက်နေ့တွင် zoom meeting ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးကို Zoom Applicationဖြင့် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ(ဒုတိယညွှန်ကြားရေးမှုး)က ခရိုင်အဆင့်နှင့် မြို့နယ်များရှိ ဝန်ထမ်းများအားလုံး လုပ်ငန်းဆောင်ရွက်မှု အခက်အခဲရှိပါက တင်ပြဆွေးနွေးနိုင်ပြီး တိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်ပါက အထက်အဆင့်ဆင့်သို့ တင်ပြရမည့်ကိစ္စများရှိပါကလည်း ဆက်လက်တင်ပြပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အချိန်နှင့် တပြေးညီဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း လုပ်ထုံးလုပ်နည်းများအတိုင်း သတင်းပို့ဆောင်ရွက်ကြရန်၊ မိမိတို့ဌာနမှ လမ်းညွှန်ချက်၊ ထုတ်ပြန်ချက်များကိုလည်း လေ့လာသိရှိထားရန်နှင့် ညွှန်ကြားချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး ခရိုင်များမှ ခရိုင်ဦးစီးမှူးများက ဆောင်ရွက်ပြီး လုပ်ငန်းစဉ်နှင့် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဆက်လက်၍ အစည်းအဝေးတွင် တိုင်းဒေသကြီး လက်အောက်ရှိ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊  မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ ခရိုင်အသီးသီးမှ ခရိုင်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်မှုများကို အလှည့်ကျဆွေးနွေးတင်ပြခဲ့ကြသည်။

     တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဌာနခွဲဦးစီးမှူးများမှ ဌာနခွဲအလိုက်တင်ပြဆွေးနွေးကြားခဲ့ရာ စီမံရေးရာဌာနခွဲမှ စီမံရေးရာကိစ္စရပ်များ၊ ရာထူးတိုးဖြေဆိုမည့်ဝန်ထမ်းများအား လိုအပ်သည့်အချက်အလက်များကိုသတ်မှတ်ရက်အတွင်းပေးပို့ရန်၊ ဝတ်စားဆင်ရင်မှုများကို ဝန်ထမ်းနှင့်ကိုက်ညီသည့် Smartကျကျဝတ်စားဆင်ရင်ကြရန် ရှင်းလင်းမှားကြားခြင်း၊ ငွေစာရင်းဌာနခွဲမှ လချုပ်များနှင့်ပတ်သက်၍ သေချာစွာစိစစ်ပြီးအချိန်မီတင်ပြနိုင်ရန်ကိုလည်းကောင်း၊ မူဝါဒဌာနခွဲမှလည်း ဆန်စပါ စီးဝင်/စီးထွက်မှု ကိစ္စရပ်များ၊ သတ်မှတ်ရည်ညွှန်းဈေးနှင့် ထုတ်ပြန်ထားသော ဆန်၊ ဆီများကို သတ်မှတ်ချက်များအတိုင်းရောင်းချခြင်း ရှိ/မရှိကို ကြပ်မတ်ဆောင်ရွက်ရန်ကိုလည်း၊ စားသုံးသူရေးရာဌာနခွဲဦးစီးမှူးမှလည်း လျာထားချက်၊ အမှန်ဆောင်ရွက်ချက် လုပ်ငန်းများကို ပြည့်မီစွာဆောင်ရွက်ရန် Ciccတိုင်ကြားခြင်းနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ မှတ်ပုံတင်ဆောင်ရွက်မှုကိစ္စရပ်များအား ပြည်သူနှင့် လုပ်ငန်းရှင်များကို အသိပညာပေးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲပြီးဆောင်ရွက်ရန်ကိုလည်းကောင်း၊ သတင်းနည်းပညာဌာနခွဲအနေဖြင့် ဝန်ထမ်းများသတင်းရေးသားမှုတိုးတက်စေရေးကိုလည်းကောင်း၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြသည်။

   ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းတစ်ဦးခြင်းကို တာဝန်အသီးသီးပေး၍ အငယ်တန်းစာရေးမှစ၍ အဆင့်ဆင့်ဝန်ထမ်းများ မိမိဌာနလုပ်ငန်းကို ကျွမ်းကျင်စွာလုပ်ကိုင်ဆောင်ရွက်တက်စေရန်၊ ဝန်ထမ်းများ မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရေး ကိုယ်တိုင်လုပ်ကြည့်မှ ကိုယ်တိုင်ဖြေရှင်းဆောင်ရွက်တက်ပြီး မှားယွင်းမှုရှိပါကလည်း အလုပ်ကိုမကြောက်ပဲ၊ ပညာယူပြီး အမှန်ကြိုးစား၍အတွေ့အကြုံရှိမှသာ  ကိုယ်ရည်ကိုယ်သွေးတက်လာမည်ဖြစ်ကြောင်းကို မှာကြားပြီး ဝန်ထမ်းတစ်ယောက်ခြင်းစီတိုင်း ကြိုစားကြပါရန် မှာကြားခဲ့သည်၊၊ Zoom Meeting အစည်းအဝေးကို မအူပင်ခရိုင်မှ ဝန်ထမ်း(၉)ဦး၊ မြို့နယ်မှ ဝန်ထမ်း (၆)ဦး၊ စုစုပေါင်း (၁၅)ဦးတက်‌ရောက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)