![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.9_4.jpg?itok=fHNGPuFm)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချမှုဌာနခွဲတာဝန်ခံ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့မှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲတို့သည် ဩဂုတ်လ ၆ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ် (၂/၂၀၁၉) နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များအားအသိပညာပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)