
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချမှုဌာနခွဲတာဝန်ခံ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့မှ ဦးဆောင်၍ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲတို့သည် ဩဂုတ်လ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ “လွင်”လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ “ လွင်” လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ် (၂/၂၀၁၉) လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)