![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.13_1.jpg?itok=nkuaownj)
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁) (အ.လ.က)ခွဲကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်က လူငယ်များနှင့်အနာဂတ်အကြောင်း ဟောပြောခဲ့ကြောင်း၊ ဆက်လက်၍ တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများသိရှိထားရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကို လည်းကောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါ အဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application မှတဆင့်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)